မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက် Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။
ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။
၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။
အင်အား (၂ဝဝ)ကျော်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ရက်မှစကာ ရေလယ်ကျွန်းဒေသအား စစ်ကြောင်းထိုးခဲ့သည်။
၎င်းနောက် စစ်ကောင်စီ စစ်ကြောင်းသည် ရေစကြိုမြို့ပေါ်နှင့် ပခုက္ကူမြို့ပေါ်မှ တပ်အင်အား အလုံးအရင်း ပြန်လည်ဖြည့်တင်းကာ ရေစကြိုမြို့နယ်ရှိ မင်္ဂလာခြံရွာ၊မြေစွန်းတော်ရွာနှင့် ရွာသစ်ရွာတိုကို မီးရှိဖျက်ဆီးခဲ့သည်။
Photo - MBT တပ်ဖွဲ့ဝင်များ။
Comments
Post a Comment