ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။
ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။
လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ (Photo-KNU)
Comments
Post a Comment