ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ကေလာကျေးရွာနှင့် ဇရပ်ကြီးရွာတွင် ဒေသခံ ၄၆ ဦး သေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှသိရသည်။
ကေလာကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁ဝ၅၇ လုံးရှိပြီး ငလျင်ကြောင့် အိမ်ခြေ ၈၁၈ လုံးပျက်စီးခဲ့ကာဒေသခံ ၄၁ ဦးသေဆုံးခဲ့သည်။
ဌင်းပြင် ဇရပ်ကြီးရွာရှိ အိမ်ခြေ ၁၃၅ လုံးတွင် ငလျင်ကြောင့် အိမ်ခြေ ၁၃၂ လုံးပျက်စီးခဲ့ ပြီး ဒေသခံ ၅ ဦး သေဆုံး ခဲ့သည်။
ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ်ရှိ စံကားအင်းဒေသ စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့သည်။
မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁ဝဝဝ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။
ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး
Comments
Post a Comment