ရှမ်းပြည်နယ် နောင်ချိုမြို၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်အား ယမန်နေ့(မတ်-၁၆)ရက် ညနေတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ၉ ဦး သေဆုံး ခဲ့သည်။
စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ပေါင် (၂၅ဝ) ဗုံး (၄)လုံးနှင့် စက်သေနတ်များ ဖြင့်လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ် TNLA ကထုတ်ပြန်သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းစာသင်တိုက်အတွင်းရှိသော ရဟန်း (၂)ပါး၊သာမဏေ (၄)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအပါအဝင် စုစုပေါင်း (၉)ဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။
၎င်းနောက် သံဃာတော် (၁၃)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု (၄)ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ်နှင့် ကျောင်းဆောင်အများအပြားလည်း ဗုံးကြောင့် ထိမှန်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများကို TNLA တာဝန်ရှိသူများနှင့် ပြည်သူများမှ ဝိုင်းဝန်းပြီး ဆေးကုသရန် ပိုဆောင်ပေးခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကထုတ်ပြန်သည်။
Comments
Post a Comment