ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်တခုကို KNLA တပ်ဖွဲ့ကတိုက်ခိုက်မှုကြောင့် မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၈)ရက်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမျဉ်းမှ ၈ဝဝ မီတာအကွာရှိ ပလူတူ စခန်းကို KNLA တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သည်ဟုသတင်းတွင်ရေးသားသည်။
![]() |
ဓာတ်ပုံ - The Reporters |
ဌင်းနေရာသည် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မေအူဆူမြို့နယ်ခွဲ၊ နောင်ဘူဝါရွာနှင့် ကပ်လျက်ရှိသည်။
တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်စုစုပေါင်းမှာ ၄၃၆ ဦး ထွက်ပြေးလာကြပြီး နောင်ဘူဝါရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် ယာယီထားရှိကြောင်း သိရသည်။
မြန်မာပြည်မှ ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များမှ အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ထိုင်းရီပိုတာသတင်းတွင်ဖော်ပြသည်။
Comments
Post a Comment