Skip to main content

Posts

Showing posts from March, 2025

Latest News

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး

တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။  ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။  Photo - TNLA ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြိ...

မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်တခုကို KNLA တပ်ဖွဲ့ကတိုက်ခိုက်မှုကြောင့် မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၂၈)ရက်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမျဉ်းမှ ၈ဝဝ မီတာအကွာရှိ ပလူတူ စခန်းကို KNLA တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သည်ဟုသတင်းတွင်ရေးသားသည်။  ဓာတ်ပုံ - The Reporters  ဌင်းနေရာသည် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မေအူဆူမြို့နယ်ခွဲ၊ နောင်ဘူဝါရွာနှင့် ကပ်လျက်ရှိသည်။ တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်စုစုပေါင်းမှာ ၄၃၆ ဦး  ထွက်ပြေးလာကြပြီး နောင်ဘူဝါရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် ယာယီထားရှိကြောင်း သိရသည်။  မြန်မာပြည်မှ ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များမှ အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ထိုင်းရီပိုတာသတင်းတွင်ဖော်ပြသည်။ Bagan News