မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့် စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။ အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း PPNMမှထုတ်ပြန်သည်...
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေး(၄)ဦး လက်လုပ်မိုင်း နင်းမိရာမှ ကလေး(၂)ဦးသေဆုံးခဲ့ကာ (၂)ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်း တွင် ထိုကလေးများသည် ရေချောင်းအတွင်း ငါးဖမ်းနေစဉ် လက်လုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
ဌင်းနည်းတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့လယ်ပိုင်း၌ အမျိုးသားတဦး ကြံစိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်လည်း မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတဦး ကြံခင်းသွားနေစဉ် စစ်ကောင်စီတပ်လက်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့သည်။
Comments
Post a Comment