ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့များတွင် တိုက်ခိုက် ဖျက်ဆီး လိုက်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့သည်။
တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဂိတ်စခန်းများကို ရှင်းလင်းဖျက်စီးနိုင်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့သည်။
ဌင်းစစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇ဝ၂) တပ်ရင်း၊ အမှတ် (၃၅ဝ၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်ကြောင်း(၇၈ဝ၃)၊ ဧရာဝတီစစ်ကြောင်း(၆ဝဝ၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Comments
Post a Comment