စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ပိုင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီမှ စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် တစီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်မှထုတ်ပြန်သည်။
တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့ လေယာဉ် တစီးဖြင့် မုံရွာ တောင်နယ်အား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ညောင်ဖြူပင်ရွာမှပြည်သူ (၃) ဦး ၊ဘုဘရွာမှ ပြည်သူ (၂)ဦး ၊ကုလားကြီး စစ်ဘေးရှောင်စခန်းမှ ပြည်သူ (၃) ဦး ၊သစ်စိမ့်ရွာမှ(၅)ဦး ၊ ကိုးရှင်းကျွန်းရွာမှကလေးငယ် တဦး စုစုပေါင်း ပြည်သူ (၁၃) ဦး သေဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၃) ဦး သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရသူများရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက်မှထုတ်ပြန်သည်။
Comments
Post a Comment