ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရကိုဖြုတ်ချပြီး စစ်တပ်မှ မတရားအာဏာသိမ်းခဲ့သည့် ၄ နှစ်ပြည့်သည့် နှစ်ဖြစ်သည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်များကို စစ်တပ်မှ ဖမ်းဆီးထောင်ချခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ စုစုပေါင်း အမှု ၁၉ မှု ဖြင့် စွပ်စွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။
၂ဝ၂၃ ခုနှစ် သြဂုတ်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ် လွတ်ငြိမ်းခွင့်ပေးခဲ့သည့်အတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရသည်။
"ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ။ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို သွားရောက်ပြီး မေမေနဲ့ တွေ့ခွင့်ပေးဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ ရေးသားထားတဲ့စာ သွားရောက်ပေးအပ်ခဲ့တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ Kim Aris - Htein Lin ကလည်းလူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွဖော်ပြခဲ့သည်။
Video - Kim Aris
Comments
Post a Comment