ဇန်နဝါရီလ ၁၂ရက်တွင် ကျရောက်သည့် (၆၂) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား (၅၅)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄)ဦးအား ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်ဟု ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ထုတ်ပြန်သည်။
ထိုအကျဉ်းသားများသည် တအာင်းပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်မှုကျူးလွန်၍ အကျဉ်းကျနေသူများဖြစ်ပြီး PSLF/TNLA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအဘုင်မှ လက်မှတ်ထိုး လွှတ်ငြိမ်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အကျဉ်းသားများသည် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ထားကြသူများ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင်လည်း PSLF/TNLAမှ အကျဉ်းသား (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆ဝ)ဦးအား ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။
Comments
Post a Comment