ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲများကို အကျင့် စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့ ကြောင်း ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး PSLF/TNLA မှ ထုတ်ပြန်သည်။
ထိုသူများသည် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲမှ ဖမ်းဆီးခဲ့သူများဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
![]() |
Photo - TNLA |
၎င်းတိုအား အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ (၆)လကြာ အကျင့် စာရိတ္တပြုပြင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။
မူးယစ်ဆေးဝါးသုံးများသည် ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက (၆) လ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို ပို့ဆောင်ခံရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကလည်း နမ့်ဆန်မြိုနယ်တွင် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၅ဝ)ဦးကို အကျင့်စာရိတ္တပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့သည်။
Comments
Post a Comment