တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။ Photo - TNLA ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြိ...
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ပြည်သူများ ကြိုဆိုနေ သည့် ပုံရိပ်မှတ်တမ်းများ အား အမျိုးသားညီညွတ်ရေအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည်။
Bagan News
Comments
Post a Comment