တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ PDF တပ်ရင်း စစ်ကြောင်းများ ရှေ့တန်းနယ်မြေများနှင့် PDF သင်တန်းကျောင်းများရှိ ရာနေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသွားရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှသတင်းထုတ်ပြန်သည်။
![]() |
ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ |
ရှေ့တန်းနယ်မြေများနှင့် PDF သင်တန်းကျောင်းများရှိ ရဲဘော်များအား NUG ဝန်ကြီးချုပ်မှ လက်ရှိ စစ်ရေးနိုင်ငံရေးအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းပြောကြားကာ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ယခုခရီးစဉ်တွင် NUG ဝန်ကြီးချုပ် နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်၏ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန် ခံ၊ မွန်ပကဖတာဝန်ခံ တို လိုက်ပါခဲ့ကြကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။
NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည်။
Comments
Post a Comment