ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်များ အား MDY PDF မှထုတ်ပြန်သည်။
ဌင်း အခြေခံစစ်ပညာသင်တန်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပြီး ဒီဇင်ဘာလကုန်ရက်များတွင် သင်တန်းပြီးစီးခဲ့ကာ အင်အား ရာဂဏန်းအထိ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း MDY PDF ကထုတ်ပြန်သည်။
၂ဝ၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မဟာအသစ် တစ်ခုဖွဲစည်းမည်ဖြစ်ပြီး စစ်သည်တော်များ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ကထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ရှမ်းမြောက် ၁ဝ၂၇ စစ်ဆင်ရေးတွင်ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိတွင် မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်မြို့မြိုနယ်တို့၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွါးနေသည်။
Comments
Post a Comment