ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများတွင်၂ဝ၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံးခဲ့ပြီး (၂၂၂၅) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုကထုတ် ပြန်သည်။
ထုတ်ပြန်ချက်အရ ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ အရာခံများအပါအဝင် တပ်သား (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ရာနှင့်ချီသော ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုကထုတ်ပြန်သည်။
ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် (၁ဝဝ) ဦးခန့် ကျဆုံးခဲ့ပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှသိရသည်။
Comments
Post a Comment