ပဲခူးတိုင်း၊ ညောင်လေးပင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ် အတွင်း နှစ်ပေါင်း (၅ဝ) နီးပါး စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU တပ်မဟာ (၃) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေး ပူးပေါင်း တပ်များမှ သိမ်းပိုက်လိုက်သည်။
KNU ပူးပေါင်းတပ်များက၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကာ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦး သေဆုံး ခဲ့ရကာ အချို့ မှာလည်း ထွက်ပြေလွတ်မြောက်သွားပြီး စခန်းအတွင်းမှ (၈၁) မမ လက်နက်ကြီး (၁) လက် အပါအဝင် လက်နက်ကြီးလက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။
ဓါတ်ပုံ − ခူသေစိုးတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ၊တပ်မဟာ (၃) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေး ပူးပေါင်း တပ်များ။(Photo - ကေအဲန်ယူ−ဗဟို)
Comments
Post a Comment