ကချင်ပြည်နယ် မံစီမြို့ကိုကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကအပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း ပူးပါင်းတိုက်ခိုက်ခဲ့သည့် ABSDF ( ကျောင်းသားတပ်မတော် )မှထုတ်ပြန်သည်။
ကချင် လွတ်လပ်ရေတပ်မတော် (KIA) တပ်မဟာ (၁၁) ၏ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
![]() |
Photo -ABSDF |
ကချင်ပြည်နယ် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အထိ တစ်လတာ ထိုးစစ်အပြီးတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF ကထုတ်ပြန်သည်။
မံစီမြို့ကို ၂၀၂၄ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင် မံစီမြို့တွင်ကျန်ရှိသော စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကထုတ်ပြန်သည်။
Comments
Post a Comment