မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လက်လုပ်အသေခံဒရုန်း (Suicide Drone) (၂)စင်းဖြင့် ပစ်ခတ်ဖျက်ဆီး ခဲ့ကြောင်း ကေအဲန်ယူ - ဒူးသထူခရိုင်မှသိရသည်။
ယမန်နေ့ ၊ဇန်နဝါရီလ (၁၆) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင် တဂေးလောင်း ကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်မှ လက်လုပ်အသေခံဒရုန်း ဖြင့်ပစ်ခတ်ခဲ့ရာ ဒရုန်း တစင်းမှာ စာသင်ကျောင်းဆောင် ခေါင်မိုးအား ထိမှန်ခဲ့ပြီး နောက်တစင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေးတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
၎င်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး စာသင်ကျောင်းကိုလည်း ခေတ္တပိတ်ထားခဲ့ကြောင်း သိရသည်။
အထက်ပါ အသေခံဒရုန်း(Suicide Drone) (၂)စင်းသည် ခန့်မှန်ချက်အရ ကမမောင်း စစ်ကောင်စီတပ်စခန်းဖက်မှပျံသန်းခြင်း ဖြစ်နိုင်ပြီး ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ - ဒူးသထူခရိုင်မှထုတ်ပြန်သည်။
ဓာတ်ပုံ - ကေအဲန်ယူ - ဒူးသထူခရိုင်
Comments
Post a Comment