စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေသခံ ထောင်ချီ တောတောင်ထဲ ထွက်ပြေးနေရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်သည် စစ်ကြောင်းလေးကြောင်း အင်အား ၅ဝဝ ကျော်ဖြင့် ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ အနီးနှင့် ဖြီကျွတ်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
![]() |
Photo - စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများ။ |
ဖြီကျွတ်ကျေးရွာအနီး ရှိ တောင်နှစ်လုံးကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များဘက်မှ တောင်ယာထဲတွင် ၁ဝဝ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု PNLA ကဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ် လွယ်ချယ်ကျေးရွာကို ၂ ကြိမ်တိုင် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပြည်သူ ထောင်နှင့်ချီပြီး တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
Comments
Post a Comment