ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီစုံရွာအား စစ်ကောင်စီက ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အိမ် ၂ လုံးနှင့်ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့မှထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၉နာရီအချိန်တွင် စစ်ကောင်စီသည် ဒရုန်းဖြင့် ပအိုဝ်းကျေးရွာဖြစ်သည့် ထီစုံကျေးရွာကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ တိုက်ခိုက်ခြင်းကြောင်း မီးလောင်နေသည့် နေအိမ်ကို PNLA တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။
![]() |
Photo - PNLA |
စစ်ကောင်စီသည် ထီစုံကျေးရွာကို ဒရုန်း နှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လက်ရှိအချိန်ထိ နေအိမ် စုစုပေါင်း ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း PNLA တပ်ဖွဲ့မှထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဆေးခန်း ၁ ခု ထိခိုက်ပျက်စီးခဲ့သည်။
Comments
Post a Comment