ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီကအကျဉ်းသား (၅၈၆၄ ဦး)အား လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၃၄၄ ဦး သာလွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။
စစ်ကောင်စီက လွှတ်ပေးသည့်အထဲ၌ ၅ဝ၅ ပုဒ်မ နိုင်ငံရေးအကျဉ်းသား(၆ဝဝ)ဦးခန့်ပါဝင်ကြောင်း ပြောဆိုခဲ့သော်လည်း ဌင်းအရေအတွက်ထက် များစွာ လျော့နည်းသည်ကို တွေ့ရှိရကြောင်း PPNM ကပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်(၄၀)ကျော်အား စောင့်ကြည့်ကောက်ယူခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား (၂၀၈)ဦး အကျဉ်းသူ (၁၃၁)ဦး စုစုပေါင်းနိုင်ငံရေးအကျဉ်းသား(၃၄၄)ဦး သာ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်း ဖုံးကွယ်ခဲ့ကြောင်း PPNM မှထုတ်ပြန်သည်။
၂ဝ၂၄ ခုနှစ်အတွင်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၉)ဦးရှိပြီး ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး(၁၄၈)ဦးရှိခဲ့ကြောင်း PPNM မှ ထုတ်ပြန်သည်။
ဓာတ်ပုံ -PPNM
Website https://www.bagannews.org/
Facebook https://www.facebook.com/Bagannewstv
Youtube https://www.youtube.com/@BaganNews/videos
Telegram https://t.me/bagannews
Comments
Post a Comment