Skip to main content

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

ရေးမြို့နယ် စစ်တပ်အား လက်နက်ကြီးဖြင့်ပစ်ခတ် ဗိုလ်ကြီး ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ရေးမြို့နယ်၊ကျောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်၏ ခမရ (၅၈၃)အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီး (၁)ဦးသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းမှထုတ်ပြန်သည်။ 

ဓာတ်ပုံ - ဒေါနစစ်ကြောင်း 

တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲများပူးပေါင်းကာ ပြီးခဲ့သည့် ဒီဇင်ဘာ (၃၁)ရက်နေ့တွင် ခမရ (၅၈၃)အတွင်းသို့  (၆၀)မမ လက်နက်ကြီးဖြင့် (၃)လုံး ပစ်ခတ်ခဲ့ရာ စခန်း၏ ဗဟိုကင်းအနီးသို (၁)လုံး စခန်းအလယ်သို (၁)လုံး ခြံစည်းရိုးအနီးသို (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေါနတပ်ရင်းမှသိရသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ရွာနားသို့ကျရောက်ခဲ့ပြီး အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

Bagan News 


Comments

Popular posts from this blog

ငလျင်ကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိ

မန္တလေးမြို့အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လူပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၄ ဦးရှိသည်ဟု စစ်ကောင်စီခေါင်းဆောင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။ စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် သေဆုံးသူ ၉၆ ဦး ၊ စစ်ကိုင်းတွင် ၁၈ ဦး၊ ကျောက်ဆည်တွင် ၃ဝ ဦးရှိသည်။ ဒဏ်ရာရရှိသူများမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃ဝဝ ဦးနှင့် ကျောက်ဆည်တွင် ၇၃၂ ဦးရှိသည်။ ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် မန္တလေးမြို့၌ နေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိခဲ့ပြီးမဟာမြတ်မုနိဘုရားမုဒ်ဦး၊မန္တလေး တက္ကသိုလ်အဆောက်အအုံ၊ နန်းမြို့ရိုးနေရာ၊ မစိုးရိမ်ဓမ္မရက္ခိတကျောင်း အချို့ပြိုကျပျက်စီးခဲ့သည်။ မန္တလေးဒေသခံတဦးကလည်း ငလျင်လူပ်ချိန်ကြာမြင့်နေသည့်အတွက် တိုက်အောက်ဆင်းပြေးခဲ့ရကြောင်း ပြောသည်။ ဌင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းလည်း ယနေ့ ကျိုးကျခဲ့သည်။ မန္တလေးမြို့အနီးတွင် ယနေ့ မတ်လ ၂၈ ရက် တရက်အတွင်း ငလျင် ၅ ...

Civil Society Organizations Oppose Dawei Project Cooperation with Russian Government

Myanmar Civil society organizations and political groups in the Tanintharyi Region have issued a statement opposing the cooperation between the Russian government and the military council on the Dawei Project. On February 23, Russian Economic Development Minister Maxim Reshetnikov and Myanmar Military Council Minister Dr. Kan Zaw signed an agreement for Russian investment in the Dawei Special Economic Zone project, which includes coal-fired power plants and oil refineries. EPA photo/Archive The Dawei Deep Sea Port Project was initially implemented in 2012 through an agreement between the Thai and Myanmar governments. It later evolved into a joint project between Myanmar, Thailand, and Japan.  Still, it was suspended due to human rights violations, including forced land confiscation, pressure on local indigenous people to relocate forcibly, and corruption. Now, the military council is attempting to revive the project in cooperation with the Russian government.    Draft ima...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...