ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာများအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ ညနေခင်း ၃ နာရီအချိန်တွင် စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း တောင်ယာမှပြန်လာသည့် ဒေသခံအမျိုးသမီး ၃ ဦးအနက် သားအမိ ၂ ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၏ ဌာနချုပ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ - PNLA
Comments
Post a Comment