မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး စည် ဇန်နဝါရီလ ၇ ရက်နေ့နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။
![]() |
ဓာတ်ပုံ- တောင်ပိုင်းစစ်ဒေသ |
စစ်ကောင်စီတပ်သားများ ချိတ်ဆက်အလင်းဝင်လာနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
၎င်းတိုထံမှ ၈၀ မမ ၁ လက်၊ ၆၀ မမ ၁ လက်၊ ၅၀ မမ ၁လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁လက်၊ MA1 ၇လက်၊ MA2 ၁လက်၊ MA3 ၁လက်၊ MA4 ၁လက် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာသိမ်းခြင်းကိုဆန့်ကျင်သော ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို လာရောက်ချိတ်ဆက်ပူးပေါင်းကြရန် တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။
Comments
Post a Comment