Skip to main content

Latest News

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး

တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။  ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။  Photo - TNLA ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြိ...

ဇီးကုန်းမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီမှ ပေါ်တာဆွဲဖမ်းဆီး

 စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီတပ်မှ အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ဇီးကုန်းမြို့ပေါ်ရပ်ကွက်များ၊နဂါးပေါ်ရွာနှင် ပုပ္ပါးရွာတို့မှ ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီတပ်ဖွဲ့၊ပျူနှင့် ကန့်ဘလူမြို့နယ် ရဲမှူးအပါအဝင် ရဲများမှ အင်အားအလုံးအရင်းဖြင့် အဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ 
ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ကန့်ဘလူမြို့မှ  မြို့နယ်ရဲမှူးအပါအဝင် ယူနီ‌ဖောင်းအစုံအင်အားအပြည့်ဖြင့်   ရဲကား ၃ စီးသည် ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ပြီး၊ စစ်ကောင်စီတပ်၊ပျူစောထီးများနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များအား အဓမ္မလိုက်လံ ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်၊ပျူနှင့်ရဲပူးပေါင်းအဖွဲ့သည် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာအတွင်းသို ကားများဖြင့်ဝင်ရောက်ခဲ့ပြီး ပြည်သူများအား အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ဇီးကုန်းသကြားစက်သို့ ကား ၄ စီးဖြင့် ခေါ်ဆောင်သွားကြောင်းသိရသည်။

“သားသမီးပါသွားတဲ့ မိဘတွေတော့ အရူးတပိုင်းဖြစ်နေတယ်၊ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရွေးလို့ရမလားပေါ့ဗျာ၊မတတ်နိုင်တဲ့သူကတော့ ဘာတတ်နိုင်မလဲ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝက မရူးရုံတမယ်ပဲ” ဟု ဒေသခံတဦးက ပြောသည်။

ပေါ်တာဆွဲဖမ်းဆီးခံရသူများအား ဇီးကုန်းသကြားစက်သို့ခေါ်ဆောင်သွားပြီး နောက် ကန့်ဘလူ ၆ဝဝ၆ တပ်သို့ပို့ဆောင်နိုင်ကြောင်း ဒေသခံများကခန့်မှန်းသည်။ 

ကန့်ဘလူမြို့နယ် အတွင်းတွင် ပျူခေါင်းဆောင်ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများမှဦးဆောင်ကာ စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများအား ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် အားတက်သရောလုပ်ဆောင်ခဲ့ကြကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။ 

Bagan News 


Comments

Popular posts from this blog

ပြည်ထောင်အတွင်း သေနတ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်၌ ယနေ့နံနက်ပိုင်းတွင် သေနတ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်သူ အကျဉ်းသားလင်းထိန် ဆိုသူမှ လက်သီးဖြင့် နိုင်ငံရေးအကျဉ်းသားတဦးကို ထိုးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားအား ထိုးခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား(၁၀၀)ကျော်ခန့်မှ မိန်းဂျေးရှေ့သို့ သွားရောက်ပြီး ထောင်မှူး(နှစ်ပွင့်အရာရှိ) ဦးကျော်အောင် ထံသို့ ကျူးလွန်သူ လင်းထိန် အား အရေးယူပေးပါရန် ငြိမ်းချမ်းစွာတင်ပြတောင်းဆိုခဲ့သည်။ ဌင်းကဲ့သို့ ဆောင်ရွက်နေစဉ် အကျဉ်းထောင်ဗဟိုကင်းမှ သေနတ်(၂)ချက် ပစ်ဖောက်ခဲ့သည်။ အကျဉ်းထောင်ဝန်ထမ်း တပွင့်အရာရှိ တေဇာဝင်း ၏ မိန့်ပေးစေခိုင်းမှုဖြင့် ထောင်ဝန်ထမ်း ဥက္ကာမိုး ပါ(၂)ဦးနှင့် အခြားရာဇဝတ်အကျဉ်းသား စူပါဖိုး၊အခန်းစာရေးငတိ ပါအဖွဲ့တို့မှ ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများအား ဝင်ရောက်ရိုက်နှက်ပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။ ဝင်ရောက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား(၅)ဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ...

နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၆၃၅၃ ဦး ရှိလာ

 ၂ဝ၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း(၆၃၅၃) ဦး ရှိခဲ့ပြီ ဖြစ်သည်။  ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၇၇) ဦးရှိပြီး ထိုအထဲမှ (၂၁၉၂၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုက  အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။  ဖမ်းဆီးခံရသူများအနက် မန္တလေးတိုင်းမှ (၈) ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်မှာ (၅) ဦးဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရသည်။  ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနေ ကိုသိန်းဦး၊ ညောင်ချောင်းကျေးရွာနေ ကိုအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာနေ ကိုညီလေး၊ ဆပ်သွားကျေးရွာနေ ဆပ်သွားတိုက်နယ်ဆေးရုံမှ ဓာ...

နောင်ချိုတွင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံး

 ရှမ်းပြည်နယ်တွင် တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး သေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ညဦးပိုင်းတွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီတပ်မှ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဘူတာရပ်ကွက်တွင်နေထိုင်သည့် ဒေသခံ (၂)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  ပြည်သူ့ဆေးရုံလည်း ဗုံးထိမှန်မှုကြောင့် ဒေသခံ (၁)ဦးသေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၆) ရက်ကလည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းပေါ်အား စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် TNLA ကိုယ်စားလှယ်များသည် တရုတ်အစိုးရ စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို ရောက်ရှိနေချိန် စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အား Y-12 လေယာဉ်အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သ...