မွန်ပြည်နယ်၊ ရေးမြို့ရှိ စကခ - ၁၉ နှင့် ၄ မိုင်အကွာ ကျုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုများအကြား ဇန်နဝါရီလ ၉ ရက်နေ့မှ စကာတိုက်ပွဲပြင်းထန်လျှက်ရှိသည်။
ဌင်းတိုက်ပွဲများတွင် စစ်ကောင်စီ ဘက်မှ အရာရှိအပါ ၇ဝ ဦးခန့်သေဆုံးခဲ့ကာ ၃ဝ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Spring Phoenix Force မှယနေ့ထုတ်ပြန်သည်။
![]() |
Photo - Spring Phoenix Force |
တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီမှ လေကြောင်းပစ်ကူ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဘိုကလေး ဘုန်းကြီးကျောင်းအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်လျှက်ရှိပြီး စစ်ကောင်စီမှ စကခ - ၁၉ လက်အောက်ခံ ခလရ - ၃၁၊ ခလရ - ၆၁၊ ခလရ - ၁၀၆၊ ခမရ - ၂၉၉၊ ခမရ - ၃၄၃၊ ခမရ - ၅၈၆၊ ခမရ - ၅၈၇၊ ခမရ - ၅၈၃၊ ခမရ - ၅၉၁၊ အမတ - ၃၁၆ တို့မှ အင်အားများဖြင့် စစ်ကြောင်းထိုးလျှက်ရှိကြောင်းသိရသည်။
Spring Fhoenix Force SPF တပ်ဖွဲ့ နှင့် မွန်၊ ကရင် တော်လှန်ရေးမဟာမိတ်အင်အားစုများမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိပြီး (မစိုးရိမ်ရ)၊ ထိခိုက်ကျဆုံးမှုမရှိကြောင်း SPF တပ်ဖွဲ့ ကထုတ်ပြန်သည်။
Comments
Post a Comment