ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
![]() |
Photo - TNLA |
ယမန်နေ့၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး(၂)ဦးဒဏ်ရာရရှိကာ နေအိမ်(၁)လုံး နှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်တွင်လည်း နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီးအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။
ထိုသို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်မှ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံများကို TNLA မီးသတ်ဌာန၊ ရဲဌာနနှင့် ပြည်သူများမှ ဝိုင်းဝန် ဆေးကုသမှုနှင့် ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်းသိရသည်။
Comments
Post a Comment