ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာ တွင် နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာ သေဆုံးသွားသူများအား ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများမှသိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စပေါ့ကျေးရွာ အဓိပတိလုပ်ကွက်ရှိ နွံကန်ပြိုကျမှုကြောင့် ကျောက်စိမ်းတူးဖော်သည့် ရေမဆေးသမားနှင့် ပြည်သူ များနေထိုင်သည့် လူနေအိမ် ၅ဝ ခန့်နစ်မြုပ်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ သေဆုံး ရုပ်အလောင်း ၁၅ ဦး အားတွေ့ရှိထားကြောင်း ဒေသခံများကပြောသည်။
![]() |
Photo - မှော်မင်းသား |
ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျမှုကြောင့် နေအိမ်များနစ်မြုပ်ကာလူသေဆုံးမှုများရှိနေသလို ဇန်နဝါရီလ (၁၃)ရက်နေ့တွင် လည်း စစ်ကောင်စီတပ်မှ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာနှင့် ဆန်ခါကျေးရွာဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၇)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများမှသိရသည်။
Comments
Post a Comment