စစ်ရေးတင်းမာနေသည့် ပုသိမ်-မုံရွာကားလမ်းအပိုင်းရှိ ယာဉ်သွားယာဉ်လာများအားရှောင်တခင်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်ရှိ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများအား စစ်ဆေးခြင်းနှင့် လမ်းပိုင်းလုံခြုံရေးအား ဆောင်ရွက်ခဲ့ကြောင်း အထက်မင်းလှမြို့နယ် ပကဖ မှသိရသည်။
![]() |
ဓာတ်ပုံ - အထက်မင်းလှမြို့နယ် ပကဖ |
စစ်ရေးအခြေအနေများအရ ပုသိမ် -မုံရွာ လမ်းမကြီးဘေးနှင့် ထိစပ်နေသော ကန်တုတ် ၊လက်ပံတံခါး ၊ရှမ်းတပ် တိုက်နယ်အတွင်း ကျေးရွာများရှိပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် အထက်မင်းလှမြို့နယ် ပကဖက အသိပေးထားသည်။
စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီလ ၁ဝ ရက်နေ့ အထိ ကျေးရွာဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားဝန်းကျင်အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြုကာ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင်(ဘက)ကျောင်းတွင်း တပ်စွဲ အထိုင်ချနေသည့်အတွက် အထူးဂရုစိုက်သွားလာကြရန် အထက်မင်းလှမြို့နယ် ပကဖက အရေးပေါ်စစ်ရေးသတင်းထုတ်ပြန်သည်။
Comments
Post a Comment