၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား (၂၀၀)ကျော် သေဆုံးပြီး အပြားအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှထုတ်ပြန်သည်။
စစ်ကောင်စီ တပ်များအား တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ခုခံစစ် (၁၁)ကြိမ်၊မြိုပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း MBT တပ်ဖွဲ့မှသိရသည်။
![]() |
Photo - MBT တပ်ဖွဲ့ဝင်များ။ |
၎င်း စစ်ဆင်ရေးများအတွင် စစ်ကောင်စီထံမှ လက်နက်ကြီး/ငယ် (၂၄)လက် သိမ်းဆည်းရရှိခဲ့ပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်ကုလားလေးနှင့် ရဲဘော်ဝဏ္ဏထွန်းတို နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
မကြာမီကာလအတွင်း မြိုပြစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် နီးကပ်သွားလာခြင်းများ မပြုလုပ်ကြရန် MBT တပ်ဖွဲ့မှထုတ်ပြန်သည်။
Comments
Post a Comment