Skip to main content

Posts

Showing posts from 2025

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

ငလျင်ကြောင့် အင်းလေး ဒေသခံ ၄၆ ဦး သေဆုံး

ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့်  ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ကေလာကျေးရွာနှင့် ဇရပ်ကြီးရွာတွင် ဒေသခံ ၄၆ ဦး သေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှသိရသည်။   ကေလာကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁ဝ၅၇ လုံးရှိပြီး ငလျင်ကြောင့် အိမ်ခြေ ၈၁၈ လုံးပျက်စီးခဲ့ကာဒေသခံ ၄၁ ဦးသေဆုံးခဲ့သည်။  ဌင်းပြင်  ဇရပ်ကြီးရွာရှိ အိမ်ခြေ ၁၃၅ လုံးတွင် ငလျင်ကြောင့် အိမ်ခြေ ၁၃၂ လုံးပျက်စီးခဲ့ ပြီး ဒေသခံ ၅ ဦး သေဆုံး ခဲ့သည်။                ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့်  ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ်ရှိ စံကားအင်းဒေသ စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့သည်။  မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁ဝဝဝ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။  ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး Bagan News Agency 

ငလျင်ကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိ

မန္တလေးမြို့အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လူပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၄ ဦးရှိသည်ဟု စစ်ကောင်စီခေါင်းဆောင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။ စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် သေဆုံးသူ ၉၆ ဦး ၊ စစ်ကိုင်းတွင် ၁၈ ဦး၊ ကျောက်ဆည်တွင် ၃ဝ ဦးရှိသည်။ ဒဏ်ရာရရှိသူများမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃ဝဝ ဦးနှင့် ကျောက်ဆည်တွင် ၇၃၂ ဦးရှိသည်။ ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် မန္တလေးမြို့၌ နေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိခဲ့ပြီးမဟာမြတ်မုနိဘုရားမုဒ်ဦး၊မန္တလေး တက္ကသိုလ်အဆောက်အအုံ၊ နန်းမြို့ရိုးနေရာ၊ မစိုးရိမ်ဓမ္မရက္ခိတကျောင်း အချို့ပြိုကျပျက်စီးခဲ့သည်။ မန္တလေးဒေသခံတဦးကလည်း ငလျင်လူပ်ချိန်ကြာမြင့်နေသည့်အတွက် တိုက်အောက်ဆင်းပြေးခဲ့ရကြောင်း ပြောသည်။ ဌင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းလည်း ယနေ့ ကျိုးကျခဲ့သည်။ မန္တလေးမြို့အနီးတွင် ယနေ့ မတ်လ ၂၈ ရက် တရက်အတွင်း ငလျင် ၅ ...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

ဂန့်ဂေါ နှမ်းခါးရွာ ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို ယမန်နေ့ (မတ်လ ၂၂ ရက်နေ့) မနက် ၈ နာရီ ၃၈ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှသိရသည်။  ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်း ဆေးဝါးကုသပေးနေသော ဆရာဝန်နှင့် မိသားစု ၃ ဦးအပါအဝင် ဆေးခန်းပြသူ ‌၈ ဦး  စုစုပေါင်း ၁၁ ဦးသေဆုံးကာ ‌ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။  "မနက်က ၈နာရီခွဲကျော်ကျော်လောက်မှာ လေကြောင်းနဲ့လာကြဲသွားတာ။ အချိန်က ဆေးခန်းပြတဲ့အချိန်ဆိုတော့ ဆေးခန်းထဲမှာရောက်နေတဲ့ လူနာတွေရော ဆရာဝန်မိသားစုရော စုစုပေါင်း ၁၁ လောင်း တွေ့ရပြီ။ ဒီထက်ပိုမပိုတော့ မပြောနိုင်သေးဘူး။ သေဆုံးသွားတဲ့အထဲမှာဆို  ကလေးငယ် ၅ယောက်လောက်အထိပါနေတယ်ဗျာ"ဟု ဒေသခံတဦးကပြောသည်။  ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်း မီးလောင်ပျက်စီးခဲ့ပြီး အနီးနားရှိ လူနေအိမ်အများအပြား ပြိုကျပျက်စီး ခဲ့သည်။  ယောဒေသတွင် ‌၂၀၂၅ ခုနှစ် မတ်လ တလအတွင်း လေကြောင်းတိုက်ခံရမှုကြောင့် ကန်ရွာမှ အရပ်သား  ၄ ဦး၊ မြစ်သာဆည်ပေါ်လေကြောင်းတိုက်...

နောင်ချိုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်အပါ ၉ ဦး သေဆုံး

ရှမ်းပြည်နယ် နောင်ချိုမြို၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်အား ယမန်နေ့(မတ်-၁၆)ရက်  ညနေတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ၉ ဦး သေဆုံး ခဲ့သည်။ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ပေါင် (၂၅ဝ) ဗုံး (၄)လုံးနှင့် စက်သေနတ်များ ဖြင့်လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ် TNLA ကထုတ်ပြန်သည်။  ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းစာသင်တိုက်အတွင်းရှိသော ရဟန်း (၂)ပါး၊သာမဏေ (၄)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအပါအဝင် စုစုပေါင်း (၉)ဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။ ၎င်းနောက် သံဃာတော် (၁၃)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု (၄)ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ်နှင့် ကျောင်းဆောင်အများအပြားလည်း ဗုံးကြောင့် ထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများကို TNLA တာဝန်ရှိသူများနှင့် ပြည်သူများမှ ဝိုင်းဝန်းပြီး ဆေးကုသရန် ပိုဆောင်ပေးခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကထုတ်ပြန်သည်။  Bagan News 

Civil Society Organizations Oppose Dawei Project Cooperation with Russian Government

Myanmar Civil society organizations and political groups in the Tanintharyi Region have issued a statement opposing the cooperation between the Russian government and the military council on the Dawei Project. On February 23, Russian Economic Development Minister Maxim Reshetnikov and Myanmar Military Council Minister Dr. Kan Zaw signed an agreement for Russian investment in the Dawei Special Economic Zone project, which includes coal-fired power plants and oil refineries. EPA photo/Archive The Dawei Deep Sea Port Project was initially implemented in 2012 through an agreement between the Thai and Myanmar governments. It later evolved into a joint project between Myanmar, Thailand, and Japan.  Still, it was suspended due to human rights violations, including forced land confiscation, pressure on local indigenous people to relocate forcibly, and corruption. Now, the military council is attempting to revive the project in cooperation with the Russian government.    Draft ima...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...

စစ်အုပ်စု ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁၁၈ ဦးသေဆုံး

ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁၈) သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ထုတ်ပြန်သည်။ ဌင်းထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ်  (၁၇) ဦး ပါဝင်သည်။  သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၆) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၄) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။  အဆိုပါ (၁၁၈) ဦးတွင် (၉၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၂၁) ဦးမှာ  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၊ ညနေ တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ ငထွေစုတ်ကျေးရွာကို စစ်အုပ်စု၏ တောင်ငူလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ တဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေ...

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး

တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။  ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။  Photo - TNLA ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြိ...

မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်တခုကို KNLA တပ်ဖွဲ့ကတိုက်ခိုက်မှုကြောင့် မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၂၈)ရက်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမျဉ်းမှ ၈ဝဝ မီတာအကွာရှိ ပလူတူ စခန်းကို KNLA တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သည်ဟုသတင်းတွင်ရေးသားသည်။  ဓာတ်ပုံ - The Reporters  ဌင်းနေရာသည် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မေအူဆူမြို့နယ်ခွဲ၊ နောင်ဘူဝါရွာနှင့် ကပ်လျက်ရှိသည်။ တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်စုစုပေါင်းမှာ ၄၃၆ ဦး  ထွက်ပြေးလာကြပြီး နောင်ဘူဝါရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် ယာယီထားရှိကြောင်း သိရသည်။  မြန်မာပြည်မှ ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များမှ အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ထိုင်းရီပိုတာသတင်းတွင်ဖော်ပြသည်။ Bagan News 

မုံရွာ MRTV အသံလွှင့်တာဝါတိုင်ကုန်း စခန်းအား သိမ်းပိုက် ရဲ ၁၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့သည်။ ဌင်းစခန်းတွင် အခြေချနေသော ရဲအင်အား (၁၇) ဦးရှိပြီး ကာကွယ်ရေး ပူးပေါင်း အဖွဲက တိုက်ခိုက်ခြင်းကြောင့် ရဲ (၁၁) ဦးသေဆုံးခဲ့သည်။ ဌင်းစခန်းမှ G-3 (၅) လက်၊ Uzi (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇ဝ) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခု၊ TV (၁) လုံး သိမ်းဆည်းရမိသည်။ တိုက်ပွဲအတွင်း မုံရွာမြို့ နမခမှ Paramotor (၂) စီး၊ တံတားဦး လေတပ်မှ Mi-35 (၁) စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တိုဖြင့် (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့သည်။ ဌင်းစခန်းအား မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ(၆၁၊၆၄) စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မ...

ရန်ကုန် - မန္တလေး လမ်းဟောင်းရှိ စစ်ကောင်စီ စခန်း ၇ ခုကို တိုက်ခိုက် တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်‌‌ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့များတွင် တိုက်ခိုက် ဖျက်ဆီး လိုက်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့သည်။  တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဂိတ်စခန်းများကို ရှင်းလင်းဖျက်စီးနိုင်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့သည်။ ဌင်းစစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇ဝ၂) တပ်ရင်း၊ အမှတ် (၃၅ဝ၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈ဝ၃)၊ ဧရာဝတီစစ်ကြောင်း(၆ဝဝ၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Bagan News 

နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၆၃၅၃ ဦး ရှိလာ

 ၂ဝ၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း(၆၃၅၃) ဦး ရှိခဲ့ပြီ ဖြစ်သည်။  ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၇၇) ဦးရှိပြီး ထိုအထဲမှ (၂၁၉၂၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုက  အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။  ဖမ်းဆီးခံရသူများအနက် မန္တလေးတိုင်းမှ (၈) ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ်မှာ (၅) ဦးဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရသည်။  ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနေ ကိုသိန်းဦး၊ ညောင်ချောင်းကျေးရွာနေ ကိုအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာနေ ကိုညီလေး၊ ဆပ်သွားကျေးရွာနေ ဆပ်သွားတိုက်နယ်ဆေးရုံမှ ဓာ...

ချင်းအမျိုးသားကောင်စီဖွဲ့ရန် Chinland Council နဲ့ ICNCC တို့ သဘောတူ

ချင်းအမျိုးသားကောင်စီ(Chin National Council) အဖြစ်ဖွဲ့စည်းရန် ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ သဘောတူလိုက်ကြသည်။  ချင်းပြည်အတွင်း ကောင်စီ ၂ ရပ် ရှိနေခြင်းကို မဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည့်အတွက် ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။  ထိုကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ(Chin National Council ) ဟု ခေါ်တွင်ရန် သဘောတူညီကြကြောင်း Chinland Council နှင့် ICNCC တို့ကဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။  Bagan News 

နောင်ချိုတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

TNLA တပ်သား ၁ဝ ဦး ထိခိုက် ဒဏ်ရာရ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။ နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် TNLA အကြား ယမန်နေ့ ဖေဖော်ဝါရီလ (၂၃)ရက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားချိန် နေ့လယ်တွင် အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး TNLA တပ်သား (၁ဝ)ဦး ထိခိုက်ဒဏ်ရာရကာ (၄)ဦးတို ဒဏ်ရာပြင်းထန်နေကြောင်း TNLA ကထုတ်ပြန်သည်။ TNLA တပ်သားများသည် မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်သည့်အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသည်။ ယခုလအတွင်း အရပ်သားများအား ဦးတည်ကာ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၇)ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ စစ်ကောင်စီပစ်ခတ်မှုအတွင်း နောင်ချိုပြ...

ပြည်ထောင်အတွင်း သေနတ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်၌ ယနေ့နံနက်ပိုင်းတွင် သေနတ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်သူ အကျဉ်းသားလင်းထိန် ဆိုသူမှ လက်သီးဖြင့် နိုင်ငံရေးအကျဉ်းသားတဦးကို ထိုးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားအား ထိုးခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား(၁၀၀)ကျော်ခန့်မှ မိန်းဂျေးရှေ့သို့ သွားရောက်ပြီး ထောင်မှူး(နှစ်ပွင့်အရာရှိ) ဦးကျော်အောင် ထံသို့ ကျူးလွန်သူ လင်းထိန် အား အရေးယူပေးပါရန် ငြိမ်းချမ်းစွာတင်ပြတောင်းဆိုခဲ့သည်။ ဌင်းကဲ့သို့ ဆောင်ရွက်နေစဉ် အကျဉ်းထောင်ဗဟိုကင်းမှ သေနတ်(၂)ချက် ပစ်ဖောက်ခဲ့သည်။ အကျဉ်းထောင်ဝန်ထမ်း တပွင့်အရာရှိ တေဇာဝင်း ၏ မိန့်ပေးစေခိုင်းမှုဖြင့် ထောင်ဝန်ထမ်း ဥက္ကာမိုး ပါ(၂)ဦးနှင့် အခြားရာဇဝတ်အကျဉ်းသား စူပါဖိုး၊အခန်းစာရေးငတိ ပါအဖွဲ့တို့မှ ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများအား ဝင်ရောက်ရိုက်နှက်ပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။ ဝင်ရောက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား(၅)ဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ...

မိုးမိတ်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ဒေသခံ ၃ ဦး‌ သေဆုံး

ရှမ်းပြည်နယ်၊မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၃)ဦး‌ သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက် ညအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး အသက်(၈)နှစ်၊ မမေဇင်ထက် အသက်(၂၃)နှစ်နှင့် ကိုဇော်မင်းလွန် အသက်(၃ဝ)နှစ်တို့ သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက် နံနက်အစောပိုင်း (၁:၃ဝ)နာရီခန့်တွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁)ဦး သေဆုံးခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံတွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄...

နောင်ချိုတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ၄ ဦးသေဆုံး

ရှမ်းပြည်နယ် တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း ၄ ဦးသေဆုံး ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက် ညဦးပိုင်းတွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီတပ်မှ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်တွင်နေထိုင်သည့် ဒေသခံ (၂)ဦး ပြည်သူ့ဆေးရုံအနီး ဒေသခံ (၁)ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့သည်။ ဌင်းပြင် ဖေဖော်ဝါရီလ ၁၉ ရက် ညဦးပိုင်းဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂ဝ ရက် ညတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာ မှ ဒေသခံ (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကားတစ်စီးနှင့် နေအိမ် (၆)လုံး ထိခိုက်ပျက်စီး ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက်တွင်လည်း စစ်ကောင်စီတပ်မှ  ဒရုန်းအသုံးပြုပြီး နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ ဘုန်းကြီးကျောင်းအား ဗုံး (၄)လုံး လာရောက်...