စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့်ပစ်ခတ်မှုများကြာင့် ၂ဝ၂၄ နိုဝင်ဘာလကုန်အထိ ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၈၀) ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှထုတ်ပြန်သည်။
"သာယာအေးချမ်းတဲ့ ခရစ္စမတ်ကာလအတွင်းမှာ အထွတ်အမြတ်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေ ဖျက်စီးခံ၊ မီးရှို့ခံ၊ ဗုံးကြဲခံနေရတဲ့ ဘဝကို စိတ်မကောင်းစရာအဖြစ် တွေ့ရပါတယ်"ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂ဝ၂၃ တနှစ်တာအတွင်းတွင်လည်း ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၆၇)ခုကို စစ်အုပ်စုက ဖျက်ဆီး ခဲ့သည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီ(ကယားပြည်နယ်)တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် တွင် ကျရောက်သည့် ခရစ္စမတ် ဆုတောင်းပွဲကို သဘာဝလှိုဏ်ဂူ တွင် ကျင်းပခဲ့ကြောင်း Christ the King, Loikaw မှ ထုတ်ပြန်သည်။
Comments
Post a Comment