မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှထုတ်ပြန်သည်။
ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
![]() |
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ စစ်သုံ့ပန်း။ |
ယမန်နေ့ ဒီဇင်ဘာလ (၃)ရက်နေ့တွင် လည်း အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါသွားခဲ့ကြောင်း MDY PDF ကထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိကြောင်း MDY PDF ကထုတ်ပြန်သည်။
Comments
Post a Comment