ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးကျေးရွာအနီးတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ (၂၂)ရက်နေ့၊ နံနက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် (၂)ဦး သေဆုံးကာ (၅)ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF အမှတ်(၃၅၀၂) တပ်ရင်း ( Delta one Drone Force)၊ စစ်တောင်းစစ်ကြောင်း၊ အုတ်တွင်း(ပကဖ) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၆)ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နှင့် ထွေ/အုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို အမှတ်(၃၅၀၂) တပ်ရင်း ( Delta one Drone Force)၊ အုတ်တွင်း(ပကဖ) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
Comments
Post a Comment