မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးကာ ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF မှထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးသည် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းသို ကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ် (၂) ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
![]() |
ဓာတ်ပုံ - MDY PDF |
မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင်လည်း မတ္တရာမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထန်းပင်ကုန်းကျေးရွာအား MDY PDF က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
Comments
Post a Comment