Skip to main content

Latest News

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင် ၁၂၃ ဦး လက်နက်ချ အညံ့ခံ

ချင်းပြည်နယ်  မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား (၁၂၃) ဦး သည်၎င်းတို့၏မိသားစုဝင်များနှင့်အတူ ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် လက်နက်ချအညံ့ခံခဲ့ကြကြောင်း Chin Brotherhood ချင်းညီနောင်တပ်ဖွဲ့ မှထုတ်ပြန်သည်။ 

ချင်းညီနောင်တပ်ဖွဲ့သည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့မှစ၍ မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်သည်။ 

ဓါတ်ပုံ- Chin Brotherhood

စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြားမှ မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့ကပြောသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်း နှင့် ခလရ (၂၇၄)တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။


ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၄၅)ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ ၂ဝ၂၄ခုနှစ်နိုဝင်ဘာလ (၁၂) ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့ကြကြောင်းသိရသည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့ မှထုတ်ပြန်သည်။ 

Bagan News 






Comments

Popular posts from this blog

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...