ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုမြို့တွင် Cholera ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃ဝဝ ခန့်ရှိနေပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းအချို့တွင် ယနေ့ဖော်ပြသည်။
ရွှေကုက္ကိုမြို့တွင် Cholera ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများပြားလာသည့်အတွက် အရေးပေါ်တုံ့ပြန်ရေး စင်တာများကို ဒီဇင်ဘာလ ၂၂ ရက်မှစတင်ကာ ထိုင်းဘက်ခြမ်း တက်ခ်ခရိုင် တွင်ပြင်ဆင်ထားကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူကပြောကြားသည်။
ရွှေကုက္ကိုမြို့တွင် ကာလဝမ်းရောဂါဖြစ်ပွားသည့် လူနာ ၅၆ ဦးသည် ရွှေကုက္ကိုဆေးရုံတွင် တက်ရောက်ကုသနေပြီး Cholera ဝမ်းပျက်ဝမ်းလျှော သံသယရှိသူ နှစ်ဦးသည် တက်ခ်ခရိုင်ရှိ မဲဆောက်ဆေးရုံနှင့် မဲရမတ်ဆေးရုံတို့တွင် တက်ရောက်ကုသနေကြောင်း ထိုင်း The Nation သတင်းတွင်ဖော်ပြသည်။
သံသယရှိသူ နှစ်ဦး၏ ဓာတ်ခွဲခန်းရလဒ်များကို ဆရာဝန်များက စောင့်မျှော်နေကြဆဲဖြစ်ကြောင်းဖော်ပြသည်။
Comments
Post a Comment