ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းရာချီကို ဆေးကုသပေးခြင်း၊ကျွေးမွေးစောင့်ရှောက်ခြင်းများပြုလုပ်ထားကြောင်း ရုပ်သံမှတ်တမ်းနှင့်ထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် စစ်သုံ့ပန်းရာချီကို ဖမ်းမိခဲ့သည့် ဓာတ်ပုံများလည်း ရုပ်သံဖိုင်တွင်ဖော်ပြထားသည်။
တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေတာလက်ခံပြီး လက်နက်ချ အလင်းဝင်ကြဖို့ ၊ တပ်မတော်သားများအနေဖြင့် အာရက္ခတပ်တော် AA ကိုဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ကြဖို့ ရုပ်သံဖိုင်တွင် တိုက်တွန်းပြောဆိုသည်။
ရက္ခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့ သံတွဲမြို့ တောင်ကုတ်မြို့၊အမ်းမြို့နှင့် မောင်တောမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။
Comments
Post a Comment