ရက္ခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်ထိုးစစ်များအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေပြီး တိုက်ပွဲပြင်းထန်နေ ကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။
ဂွမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရကြောင်း AA ကဆိုသည်။
စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်ပြီး ဧရာဝတီတိုင်းအတွင်းသို တစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သိရသည်။
ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက် ရှိသောကြောင့် ဂွမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်ကောင်စီတပ် ခမရ (၅၆၃) သည် အခြေစိုက်ရာအနီးအနားရှိ ဂွမြို့နယ်၊ "အလယ်ရွာ"အား ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့ ၊ ဒီဇင်ဘာလ (၂၁) ရက်နေ့များတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အာရက္ခတပ်တော် AA သည် အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားသည်။
ရက္ခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့ သံတွဲမြို့ တောင်ကုတ်မြို့နှင့် မောင်တောမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။
ရုပ်သံ - ဂွမြို့နယ်တွင်စစ်ကောင်စီတပ်မှ မီးရှို့နေသည့် မြင်ကွင်း။
Comments
Post a Comment