ကရင်နီပြည်နယ်(ကယား)တွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂ဝ၂၄ခုနှစ်၊ နိုဝင်ဘာလ ( ၃ဝ )ရက်နေ့အထိ အရပ်သား ၅၃၂ ဦး သတ်ဖြတ်ခံရကာ စစ်ရှောင်ရင်း ၁၇ဝ ဦးသေဆုံးခဲ့ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) မှထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်တွင် ဌင်းကာလတွင်း တိုက်ပွဲအကြိမ်အရေ (၁၂၃၅) ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း KNDF/PDF/KA တပ်ဖွဲ့များမှ ကျဆုံးသူ (၆၇၂) ဦးရှိခဲ့ည်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၇၄၆)ကြိမ်ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အုံ(၅၄)လုံးပျက်စီးပြီး နေအိမ် (၂၇၈၄) လုံးပျက်စီးခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ (၁၆ဝ) ဦးရှိခဲ့သည်။
ဌင်းပြင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ဆေးခန်း(၁၆)လုံး၊စာသင် ကျောင်း(၂၆)လုံးရှိခဲ့သည်။
ဌင်းကာလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၅၈ဝ) ဦးရှိခဲ့ပြီး စစ်ကောင်စီယာဉ်တန်ပျက်စီးမှု (၆၈) စီး၊ တိုက်လေယာဉ်ပျက်စီးမှု (၃) စီးရှိခဲ့ကြောင်း PKPF မှထုတ်ပြန်သည်။
ဓာတ်ပုံ - စစ်ကောင်စီတပ်မှ ၂၀၂၄ နိုဝင်ဘာလ ၁၈ရက် တွင် ဖယ်ခုံမြို့နယ်၊ဘန်ကောက် စစ်ဘေးရှောင်စခန်းအားတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ Photo - PKPF
Comments
Post a Comment