စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ကျောက်လှေကားရွာကို စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များထိခိုက်ကာ တရိစ္ဆာန်များသေဆုံးခဲ့ကြောင်း ဒေသခံများမှသိရသည်။
![]() |
Photo - Pyae Aung Naing / FB |
စစ်ကောင်စီတပ်မှ ကျောက်လှေကားရွာရှိ ပြည်သူများနေထိုင်ရာ နေအိမ်များကို ဦးတည်ပြီး Y-12 ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့မှုကြောင့် လူနေအိမ် (၁၇)လုံးပျက်စီးကာ နွား(၅)ကောင် ၊ ဝက် (၁)ကောင်သေဆုံးခဲ့ကြောင်း ဒေသခံတဦးမှပြောကြားသည်။
ကနီမြို့နယ် ကျောက်လှေကားရွာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မောင်ငချစ် အသက်(၁၁)နှစ် ၊ မနိုးနိုး အသက်(၁၅) နှစ် ၊ မရွှေဇင်ဝင်း အသက်(၁၈)နှစ် ၊ ကိုကျော်နိုင်လင်း အသက်(၃၆)နှစ် ၊ ဒေါ်ဘုတ်ဆုံ အသက်(၄၈)နှစ် တို့သေဆုံးခဲ့ကာ ပြည်သူ(၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှသိရသည်။
Comments
Post a Comment