ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ် ဆီဆိုင်-လွိင်ကော်လမ်းမကြီးပေါ် တွင်ဖြတ်သန်းသွားလာနေသည့် ဘုန်းကြီးကားကို စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ပြီး လိုက်ပါလာသည့် ထီစဲးခါးကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါသည့် အခြားဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပအဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှယနေ့ထုတ်ပြန်သည်။
![]() |
Photo - PNLA |
ယမန်နေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲများသည် ထီးစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တယ်လီဂရမ်ချယ်နယ်များတွင် PDF ကပစ်ခတ်ခြင်းဟု ဝါဒဖြန့်ရေးသားထားသည်။
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ်သည် ပအိုဝ်းကျေးရွာများအား ဖျက်ဆီးခြင်း ၊ ပြည်သူများအားသတ်ဖြတ်ခြင်း၊ ရဟန်းသံဃာတော်များအား ပစ်ခတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိကြောင်း PNLA မှထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာ ၃ဝရက်နေ့ မနက် ၄ နာရီအချိန်တွင်လည်း စစ်ကောင်စီမှဂျက်ဖိုက်တာ ၂ စင်းဖြင့် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ၂ ရွာကို ဗုံး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာ ၁ ရွာမှ နေအိမ် ၁၁ အိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNLA ကဆိုသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့သည် နမ့်ယင်ကျေးရွာမှ ဒေသခံ ကိုလည်း နိုဝင်ဘာ ၂ဝ ရက်နေ့၌ ပွန်ချောင်းတံတားအနီးတနေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။
Comments
Post a Comment