ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်)တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။
ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း ရှိ စစ်ကောင်စီတပ် ခလရ−၅၇ တပ်ပေါင်းစုမှ ရုံးတိုင်းကျေးရွာသို့ လက်နက်ကြီး ၆၀မမ (၂) လုံးပစ်ခတ်ခဲ့ရာ ရုံးတိုင်းကျေးရွာမှ ဒေါ်သေး(၆၇)နှစ် ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။
![]() |
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်မှုများ။ |
ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄မှ ချုံအင်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး၊ ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
ဌင်းပြင် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အင်္ဂနီကျေးရွာတွင် အခြေချထားသော ခလရ-၅၇ မှ စံဖဲကျေးရွာသို့ လက်နက်ကြီး စုစုပေါင်း(၅)လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာမှ ဦးခင်ဝင်း(၄၂)နှစ် နှင့် မစန်းမူ (၄၅) နှစ် တို့ (၂)ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments
Post a Comment