စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)လယ်ဒိုနှင့် ဆောထိမြို့နယ်ရှိပြည်သူများ ထိမှန်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ်များပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။
![]() |
ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများ။ |
ကျိုက်ထိုမြို့နယ်တွင် သိမ်ဇရပ်အမြောက်တပ် (အမှတ်-၃၁၀) မှ စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညတွင် (၁၂၀) မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်မှုကြောင့် ဝင်းကံစစ်ဆေးရေးဂိတ်အနီးရှိ ခရွဲကျေးနယ် အပိုင်း ရော်ဘာခြံအနီးတဝိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာအစေး ခြစ်နေသည့် ဒေသခံအလုပ်သမား အမျိုးသမီး (၁)ဦး၊ မိန်းကလေး(၁) ဦးနှင့် ကလေး (၁)ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်းသိရသည်။
အလားတူ လယ်ဒို မြို့နယ် နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အတွင်း ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၁၃)လုံး ပစ်ခတ်ခဲ့ရာ အသက် (၁) နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံပြည်သူ (၃)ဦး ကျည်စထိမှန်ဒဏ်ရာရပြီး ဒေသခံများ၏ နေအိမ် (၃)လုံး၊ ပုဇင်း(၁)စီးနှင့် ဆိုင်ကယ်(၁)စီးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။
Comments
Post a Comment