ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ် ပဲခူးရိုးမအတွင်းရှိ ခါချဉ်တောင်ပေါ်သို့တက်လာသော အင်အား ၈ဝဦးခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းအား နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်၌ ဥတလုံးတောင်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄ဝ) ဦးသေဆုံးခဲ့ပြီး (၁၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။
ဌင်းစစ်ကြောင်းအား တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲကြာချိန် မိနစ် ၃ဝ ခန့်ရှိပြီး ရဲဘော်တဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။
ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည့် NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ မှ နိုဝင်ဘာ ၂၉ ရက်နေ့ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်ထားသည်။
Comments
Post a Comment