ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁ဝ)ဉီးသေဆုံးပြီး (၂ဝ)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၉) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။
![]() |
Photo - TNLA |
ယမန်နေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့ ညနေ (၆:၃ဝ)အချိန်တွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅ဝဝ)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများအား ဆေးရုံသို အရေးပေါ်ပို့ဆောင်ကာ ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းများအား လိုက်လံရှာဖွေရှင်းလင်းနေကြောင်း TNLA ကထုတ်ပြန်သည်။
TNLA မှ စစ်ရေးတင်းမာမှုများအား တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့အား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
နောင်ချိုမြို့တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပြည်သူများရှိရာအား ဉီးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁၈)သေဆုံးပြီး (၃၄)ဉီး ဒဏ်ရာရရှိကာ နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။
Comments
Post a Comment