ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ ကဝင်ရောက်တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်။
ယနေ့နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခွဲ အချိန်တွင်RCSS စစ်ကြောင်းနှစ်ကြောင်းသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲ ကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်သား(၄)ဦးအား ဖမ်းဆီးသွားကာ စခန်းသုံး မော်တောဆိုင်ကယ်(၄) စီး ၊ ကားတစ်စီး အပါ အဝင် စခန်းများကို မီးရှို့ဖျက်စီးခဲ့ကြောင်း SSPP Info မှထုတ်ပြန်သည်။
![]() |
Photo - SSPP Info |
RCSS စစ်ကြောင်းတကြောင်းသည် ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ဉီး၏နေအိမ်ကို လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေ ပစ္စည်းများ မွှေနှောက်ယူဆောင်ကာ အိမ်ရှင်ဖြစ်သူ အား ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် (၄) ဦးနှင့် ဒေသခံပြည်သူ (၁) ဦးအား ထပ်မံ ဖမ်းစီး သွားခဲ့ကြောင်း SSPP Info မှထုတ်ပြန်သည်။
ဌင်းပြင် ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက် ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင်သွား ကြောင်း သိရသည်။
Comments
Post a Comment