မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးပြီး PDF ထံခိုလှုံခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသိရသည်။
ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာတွင် လုံခြုံရေးယူနေ့သည် ခလရ ၂၅၇ လက်အောက်ခံ တပ်သားကိုဦး ကိုယ်ပိုင်နံပါတ် (တတ/၁၃၆၄၇၁) နှင့် ခလရ ၂၅၈ လက်အောက်ခံ တပ်သားစိုးလင်းအောင် (ကိုယ်ပိုင်နံပါတ် တတ/၁၃၆၄ဝ၃) တို့သည် နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ဌင်းတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ သတင်းအရလိုက်လံရှာဖွေခဲ့ပြီး နိုဝင်ဘာလ(၁၇)ရက် နေ့လည်အချိန်ခန့်တွင် ရေစကြိုမြို့နယ် တနေရာ၌ ရှာဖွေတွေ့ရှိခဲ့သည်။
ဌင်းတပ်သား၂ ဦးအား ကောင်းမွန်စွာထားရှိကာ ဆုငွေတဦးလျှင် ၁၅ သိန်းပေးအပ်ခဲ့ပြီး ယူဆောင်လာသည့် MA1 ၂ လက်၊ ကျည်ဘောက် ၉ ဘောက်နှင့် ၅.၅၆ ကျည် ၄၅ဝ ခန့်အား ရေစကြိုမြို့နယ်(ပ.က.ဖ)ထံအပ်နှံခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Comments
Post a Comment