တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်အကြားတွင် သုံးဘီးယာဉ်အသုံးပြု၍ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ (၁၈) ရက်၊ နံနက် (၉) နာရီ ဝန်းကျင်ခန့်တွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှထုတ်ပြန်သည်။
ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်မှု (၁၅) မိနစ်ခန့်ကြာမြင့် ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိကာထွက်ပြေးခဲ့ကြောင်းသိရသည်။
ပစ်ခတ်မှုမှ MAI-သနတ် (၃)လက်၊ MA3 -သနတ် (၁)လက်၊ MAZ စက်ကလေး(၁)လက်၊ ကျည်ဘောက် (၁၅) ခု၊ အီကွေးမန်းခါးပတ် (၁) ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုအား ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Photo - YPPDF
Comments
Post a Comment